မိတ်ကောင်းဆွေကောင်း

`လောကကြီးကို စိတ်ပျက်တယ်ကွာ´

ကိုမဲတူက လက်ဖက်ရည်ဝိုင်းမှလူစုံမယ်ရှိသေး ညည်းတွားသံနဲ့ ၀ိုင်းဖွင့်လိုက်တယ်

`ဘယ်နှယ်ဖြစ်လာရပြန်တာလဲ´ လို့ မဘဲဥ က စပ်စုတယ်´

`ကိုယ်က စေတနာထားပေမဲ့ အပြန်လှန် မရှိဘုူး´
`စေတနာမမှန်လို့ ဖြစ်မှာပါ´
`ရန်လာမရှာနဲ့နော်၊ အလိုလိုကမှ စိတ်တိုနေတာ၊ ထုပစ်လိုက်လို့ ဘဲဥကွဲဖြစ်သွားမယ်´

သည်းခံပါ ဆရာကီး ၊ ဒေါသရှေ့ထား မှားတတ်ပါတယ်´

နောက်ခါတော့ သူတော်မှ ကိုယ.်ကောင်းတော့မယ်၊ သူမတော်ရင် ကိုယ်မကောင်းဘူး´

ကိုမဲတူနဲ့ မဘဲဥတို့ အပြန်လှန် ပြောနေကြတာကို လက်ဖက်ရည်ဆိုင် ထိုင်ဖက်သူငယ်ချင်းတွေက ငြိမ်ပြီးနားထောင်နေကြတယ်။
`သူတော်မှ ကိုယ်က ပြန်ကောင်းမယ်ဆိုရင်တော့ မင်းလဲ မိတ်ဆွေကောင်းမဟုတ်တော့ဘူး´လို့ လန်ဘားက ပြောတယ်။ ကိုမဲတူက ဒေါသရိပ်ငွေ့ငွေ့ပါတဲ့ မျက်လုံးနဲ့ ပြန်ကြည့်ပြီး ဒါဆိုရင် ........´လို့ မေးတယ်

သူတော်တော် မတော်တော် ကိုယ်က ကောင်းရမယ်ကွ၊ ကိုယ်က မိတ်ဆွေကောင်းဖြစ်မှ ကိုယ့်မှာ မိတ်ဆွေကောင်းတွေ များမှာပေါ့ လို့ လန်ဘားက သူ့အမြင်ကို ပြောတယ်။

`မိတ်ဆွေကောင်းရဲ့ ကျေးဇူးနဲ့ ပတ်သက်တဲ့ ပုံပြင်တစ်ပုဒ် ကို ငါ ပြောပြမယ်´ လို့ ပုံပြောချင်နေတဲ့ ကိုကိုရွှီးက ဆိုပါတယ်

`မပြောနဲ့လို့မှ တားမရဘဲပြောပေါ့ကွာ´

တစ်ခါတုန်းးက ဂျပန်မှာပေါ့၊ လူတစ်ယောက်က အိမ်ပြင်ဖို့အတွက် နံရံတွေကိုဖွင့်သတဲ့၊ ဂျပန်အိမ်တွေရဲ့ သဘာဝက သစ်သားနံရံတွေရဲ့အကြားမှာ အခေါင်းပေါက်ဟင်းလင်းပြင်ရှိတယ်၊ နံရံတွေကို ဖယ်ချလိုက်ချိန်မှာ အိမ်မြှောင်တစ်ကောင်တွယ်နေတာတွေ့ရသတဲ့၊

`ဘာဆန်းလို့လဲ´

`ဆန်းတာက အိမ်မြှောင်ရဲ့ခြေတစ်ဖက်ကို သံမှိုစိုက်ဝင်ထားလို့ မသွားမလာနိုင်ဘဲ ဖြစ်နေတာ အဲ့ဒီလူက ဒါကိုမြင်တော့ သနားဂရုဏာစိတ်ဖြစ်ပေါ်လာတယ်၊ စိတ်ထဲမှာ သံသယ၀င်လာလို့ သေသေချာချာကြည့်လိုက်တော့ အဲ့ဒီသံဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အိမ်ဆောက်စဉ်တုန်းကတည်းက ရိုက်သွင်းထားခဲ့တဲ့ သံချောင်းဖြစ်နေတယ်´

`ဘယ်နှယ့်ဖြစ်ပါလိမ့်´

`သံတစ်ချောင်းခြေထောက်တစ်ဖက်မှာ အသေရိုက်ထည့်ခံထားရပေမဲ့ အိမ်မြှောင်ဟာ ရှင်သန်နေခဲ့တယ်၊ မှောင်မည်းတဲ့နံရံနှစ်ချပ်ကြားမှာ မရွေ့မလျားဘဲ တစ်ကောင်တည်း နေခဲ့တယ်။´

`ငါသာဆိုရင်တော့ သေမှာပဲ´

`အဲ့ဒီလူလဲ သူ့အလုပ်တွေခဏရပ်ထားပြီး အိမ်မြှောင်ကို စိတ်ဝင်တစား လေ့လာကြည့်တယ်။ ဒီအကောင် ဘာတွေစားပြီး ဘယ်လို နေထိုင်ခဲ့သလဲပေါ့´

`စိတ်ဝင်စားစရာပဲ´

`အဲ့ဒီအချိန်မှာ ဘယ်ကမှန်း မသိတဲ့ အိမ်မြှောင်တစ်ကောင်ဟာ ပါးစပ်မှာ အစားအစာကို ကိုက်ချီပြီး အဲ့ဒီနေရာကို ရောက်လာတာတွေ့ရသတဲ့´

`တကယ်မိတ်ဆွေကောင်းပဲကွာ´

`မင်းပြောပြတဲ့ ပုံပြင်ကိုကြားရတော့ ဘ၀တူခြင်းကူညီရမယ်၊ ဘယ်လောက်ကြီးမားတဲ့ ဒုက္ခမျိုးပဲရောက်ရောက် အချင်းချင်းစောင့်ရှောက်ပြီး ရှင်သန်နေရမယ်လို့ သင်ခန်းစာ ယူမိတယ်။

`လက်တွေ့လဲ လုပ်ဖို့လိုတာပေါ့´

မှတ်ချက်။။ ကျနော်မှာ သူငယ်ချင်းတွေရှိခဲ့ပါတယ် ဒါပေမဲ့ မိတ်ဆွေကောင်းတော့မရလိုက်ပါဘူး အဲ့ဒါကြောင့် ဒိပိုစ်လေးတင်ဖြစ်တာပါ

အပြစ်တင်မစောပါနှင့်၊

အပြစ်တင်မစောပါနှင့်၊

လူတစ်ချို့က အကောင်းဆုံးသော အရသာရှိသည့် စားကောင်း သောက်ဖွယ်ရာများကို ကိုယ်တိုင်ပြင်ဆင် ချက်ပြုတ်ပြီး အရသာခံစား၍ ကိုယ်တိုင် စားသုံးကြသည်။ ဘယ်သူ့ကိုမှ ဖိတ်ခေါ်ခြင်းမရှိခဲ့၊
 "ဒီလူနှယ်၊ တစ်ကိုယ် ကောင်း ဆန်လိုက်တာ၊ အစားကောင်း စားရရင် မိတ်ဆွေကောင်းကို သတိရတတ်ကြတယ်၊ သူ့မှာ မိတ်ဆွေကောင်း မရှိဘူးထင်ပါရဲ့၊"
 လို့ အပြစ်တင် မစောပါနှင့်။ သူဒီလို ခံစားခွင့်ရဖို့ ဘယ်လောက် ကြိုးစား ခဲ့ရလဲ။ လေ့လာ ကြည့်လိုက်ပါ။ သူ့ကိုနားလည် နိုင်ပါလိမ့် မယ်။

လူတစ်ချို့ကတော့ စာကောင်း သောက်ဖွယ်ရာများကို ကိုယ်တိုင် အပင်ပန်းခံ ချက်ပြုတ်ပြီး ခင်ရာမင်ရာ ဆွေမျိုး အပေါင်းအသင်း မိတ်ဆွေ၊ သူငယ်ချင်များကို ဖိတ်ခေါ်ကျွေးမွေး တတ်သည်။ ကိုယ်တိုင်ကတော့ ထူးထူးကဲကဲ ခံစားလေ့ မရှိ၊
"ဒီလူနှယ် မိုက်ရန်ကော၊ ဒီလောက် အပင်းပန်းခံ ချက်ပြုတ်ပြီးမှ အလကား သူများကို လျှောက်ကျွေးပစ်တယ်။ ကိုယ်လဲစားတာ မဟုတ်ဘူး၊ အလကား အချိန်ကုန်ခံ၊ ငွေကုန်ခံလို့၊ လူမိုက်ပဲ" လို့ အပြစ်တင် မစောစေလိုပါ။ သူမှာ အလွန်ကောင်းမွန်သော ရသာကို ခံစားခဲ့ရပါသည်။ ထိုအရာက ပီတိ ဖြစ်ပါသည်။ သူ့အတွက်တော့ ဘာနဲ့မှ မလဲနိုင်သော အရသာပင် ဖြစ်ပါသည်။

ထို့သို့ အပြစ်တင်တတ် သူများကိုလည်း အပြစ်မတင်ပါနှင့်၊ သူတို့၏ အမြင်များကို ထုတ်ဖေါ်ခြင်းသာ ဖြစ်ပါသည်။ အခြေအနေ တစ်ခုလုံးကို သူတို့ပြောင်းလဲ မပစ်နိုင်ပါ။ အခြေအနေကို ပြောင်းလဲနိုင်စွမ်း သူတို့သည် အပြစ် မပြောတတ်ကြပါ။

လူတိုင်းသည် မိမိယုံကြည်ရာ အမြင်နှင့် ရပ်တည်နေကြသည်။ မတူခြားနားသော အမြင်များက လူ့ပါတ်ဝန်းကျင် ကို ထိန်းညှိပေးထားသည်။ လူအားလုံး အမြင်တစ်ခုတည်း ဖြစ်နေလျှင် ကမ္ဘာကြီး တစ်ဖက်ဆောင်းနင်း ဖြစ်ပြီး သက်ရှိလောကကြီး ပျောက်ကွယ်သွားနိုင်သည်ဟု ကျွန်တော်ယူဆပါသည်။

ကျွန်တော်၏ အယူအဆကို အပြစ်မတင်ပါနှင့်။ ကျွန်တော်၏ အမြင်သာ ဖြစ်သောကြောင့် ဖြစ်ပါသည်။ အကယ်၍ အပြစ်မြင်သူများ ရှိပါကလည်း ကျွန်တော် အပြစ်မတင်ပါ။ ကျွန်တော်၏ အမြင်ကို အပြစ်ရှိသည်ဟု သူထင်မြင်သောကြောင့် ဖြစ်ပါလိမ့်မည်။

မိတ်ကောင်း ဆွေကောင်း